လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊အမှတ်(၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းတွင် (၁၂-၁-၂၀၂၃) ရက်နေ့ (၂၀:၅၀)နာရီမှ(၂၃:၀၅)အချိန်ထိ အမှတ်(၁၉)ရှိ ရတနာစုကုမ္ပဏီအတွင်း ရေသန့်ရေခဲတုံး ပြုလုပ်ရန်အတွက် အသုံးပြုသောအမိုးနီးယားဓါတ်ငွေ့အိုး၏ အဖွင့်/အပိတ်ဘားမှတစ်ဆင့် အမိုးနီးယားဓါတ်ငွေ့အနံ့ဆိုးများ ယိုစိမ့်ထွက်ပေါ်မှု‌‌ကြောင့် ကျန်းမာရေးထိခိုက်ခံစားရသူ ကျား(၅)ဦးနှင့် မ(၇)ဦး၊ စုစုပေါင်း(၁၂)ဦးအား ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း၊ မ(၁)ဦးအား မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် လည်းကောင်း၊ ကျား(၇)ဦး၊မ(၉)ဦးစုစုပေါင်း (၁၆)ဦးအား အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် လည်ကောင်း၊ စုစုပေါင်းဆေးရုံတက်ရောက်သူ (၂၉)ဦး အတွက် ထောက်ပံ့ငွေ(၁)ဦးလျှင် (၅၀,၀၀ဝိ/-) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ(၁,၄၅၀,၀၀ဝိ/-)အား (၁၃-၁-၂၀၂၃)ရက်နေ့ (၁၅:၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR