လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ အထက်​​ပေကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၉-၉-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၃၅)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၃,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၉၇၃,၅၀၀/-)ကျပ်နှင့် mask များ၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဗီနိူင်းတို့အား (၁၁-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထက်ပေကုန်းကျေးရွာအုပ်ချုပ်​ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများသည် ဝါးခယ်မမြို့နယ်၊ ဟင်္သာဒုံးကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၉-၉-၂၀၂၁) ရက်နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်(၁၀)လုံး၊  ကြိုတင်ပြောင်းရွှေ့ ခရစ်ယာန်ဘာသာရေးကျောင်း(၁)ကျောင်း တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁,၁၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၅၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၁၇,၆၀၀/-)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ(၁,၂၁၇,၆၀၀/-)ကျပ်နှင့် mask များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိူင်းတို့အား(၁၁-၉-၂၀၂၁)ရက်နေ့၊ နေ့လည်(၁၃း၀၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊ ဟင်္သါဒုံးကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံသို့ ​ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR