လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ တုံးလှဲချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာတွင် (၂၀.၆.၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၇၀၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ (၂)ဦးတို့အတွက် ဆန်ရိက္ခာရန်ပုံငွေ (၄၂၀၀/-) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ(၇၄၂၀၀/-)ကျပ်အား (၂၁.၆.၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။


Source: DDM

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊‌ မင်းကုန်းကျေးရွာအုပ်စု၊‌ ဆည်ကန် (အနောက်)ကျေးရွာ၌ လေပြင်းဘေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ထောက်ပံ့မှုသတင်း
မကွေးတိုင်းဒေသကြီးတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်းကြားမှုယန္တရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ

MOS

DSW

DDM

DOR