ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာမင်းသိဏ်းသည် (၂၄-၁၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၌ လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူ အမျိုးသမီးများအား တွေ့ဆုံအားပေးခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် လူကုန်ကူးခံရမှုအခြေအနေနှင့် လွတ်မြောက်လာမှုအခြေအနေ၊ ၎င်းတို့၏ ပညာအရည်အချင်းနှင့် မိဘပတ်ဝန်းကျင်နောက်ခံအကြောင်းအရာများ၊ အမှုအတွက် သက်သေထွက်ဆိုချက်ပြီး၍ မိမိနေရပ်သို့ပြန်ချိန်တွင် ထပ်မံ၍ လူကုန်ကူးမခံရစေရေး အလေးထားသိရှိရန် လိုအပ်သည့် အချက်များအား အားပေးစကားပြောကြားကာ ကျိုင်းတုံစခန်းတွင် နေထိုင်စဉ်အတွင်း စားသောက်မှုနှင့် နေထိုင်မှုအဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ တတ်စွမ်းသရွေ့ ပံ့ပိုးဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောပြခြင်း၊ မိသားစုနှင့် ပြန်လည်ဆက်သွယ်မှုရရှိစေရေးနှင့် ဆောလျင်စွာ ပြန်လည်ပေါင်းစည်းနေထိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

          ဆက်လက်၍  နေ့လည်ပိုင်းတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)ရှိ တာဝန်ကျအရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ ဆောင်ရွက်ခဲ့ပြီး စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြုကြောင်း၊ လက်ရှိဆောင်ရွက်ထားသည့် သန့်ရှင်းသာယာလှပမှုအား ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်း၊ ဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ဆက်လက်ဆောင်ရွက်ကြရန်နှင့် ရုံးလုပ်ငန်းများအပြင် လုပ်ငန်းဘာသာရပ်ဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာသုံး ဘာသာစကားများ လေ့လာကြစေလိုကြောင်း တိုက်တွန်းပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြေရှင်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)တွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူများအား အားပေးစကားပြောကြားခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြားခြင်း
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တော်ခန်းမ၌ (၃၆)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR