မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ်စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပခဲ့ပါသည်။

        အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ပြည်ထဲရေးဝန်ကြီး ဌာ နမှ ဦးဆောင်၍ ဆောင်ရွက်နေပါကြောင်း၊ လူကုန်မှုတိုက်ဖျက်ရေးဆိုင်ရာတတိယ (၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ကို ဗဟိုအဖွဲ့မှ ဦးဆောင်ရေးဆွဲခဲ့ ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ၎င်းတို့ အား နေရာထိုင်ခင်းဆောင်ရွက်ပေးခြင်း၊ မိဘရပ်ထံပြန်လည်ပို့ဆောင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ချိတ်ဆက်ပေးခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေ ပါကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်သည့်အပြင် အကူအညီ လိုအပ်သူများအား ဦးတည်အုပ်စုအလိုက် ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနေသည့် ဝန်ကြီးဌာနလည်းဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ဦးဆောင်မှု၊ လမ်းညွှန်ချက်များနှင့်အညီ လူကုန်ကူး ခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဝန်ကြီးဌာနလက်အောက်တွင် ဦးစီးဌာန(၃)ခု ရှိသည့်အနက် ပြန်လည်ထူထောင်ရေး ဦးစီးဌာန အနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ လူကုန်ကူးခံ ရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ထိခိုက်လွယ်အုပ်စုများအပါအဝင် မသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅)နှစ် စီမံကိန်း (၂၀၁၇-၂၀၂၁)၊ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ပါ လုပ်ငန်းရပ်များအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်သည့်အတွက် ဆောင်ရွက်ရမည့်နည်းလမ်း၊ အားသာချက်၊ အားနည်းချက်များကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

        ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်မှ ဆက်လက်ပြောကြားရာတွင် အချိန်ကာလပြောင်းလဲ လာသည်နှင့်အမျှ လူကုန်ကူးခံရခြင်းအခြေအနေများသည် ပြောင်းလဲနေပါကြောင်း၊ လူကုန်ကူး ခံရခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် စီးပွားရေးအခြေအနေပေါ်တွင် မူတည်ပါကြောင်း ၊ အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် သဘာဝဘေး အန္တရာယ်များကြောင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီး၍ လူကုန်ကူးခံရခြင်း ဖြစ်ပေါ်နိုင်ပါ ကြောင်း၊ လူကုန်ကူးခံရသူများ၊ ရွှေ့ပြောင်းသွားလာသူများစသည်တို့ကို ခွဲခြားစိစစ်ရန် လိုအပ်ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှိပါကြောင်း၊ COVID-19 ကာလအတွင်း စီးပွားရေးကျဆင်းမှုကြောင့် လူကုန်ကူးခံရသူအဖြစ်မှု လူကုန်ကူးသူ အဖြစ်သို့ ပြန်လည်ရောက်ရှိနိုင်ပါကြောင်း၊ သတင်းအချက်အလက်များ ရရှိရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။

        ဆက်လက်၍ ပြန်လည်ထူထေထာင်ရေးဦးစီးဌာန၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူမှ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနောက်ခံသမိုင်း၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ (၅)နှစ် စီမံကိန်များ ရေးဆွဲထားရှိခြင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅)နှစ် (၂၀၁၇-၂၀၂၁) စီမံကိန်း ၏ ၂၀၂၀ ပြည့်နှစ် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ(၅)နှစ် (၂၀၁၇-၂၀၂၁) စီမံကိန်း ၏ ၂၀၂၁ ခုနှစ် လုပ်ငန်းစီမံချက်ပါ လျာလားလုပ်ငန်းများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး နှင့် သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များမှ ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အစည်းအဝေးကို နံနက် (၁၁:၃၀) အချိန် တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။  

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားများ ပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်း သင်တန်းဆင်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR