လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးသူရသွင်ကိုကို၊ မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များသည် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ကျေးရွာများတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့်(၂-၉-၂၀၂၁)ရက်နေ့၌ ပြောင်းရွှေ့ရေဘေးသင့်အိမ်ထောင်စု(၂၀၇)စုမှ လူဦးရေ(၅၇၅)ဦးနှင့် (၃-၉-၂၀၂၁)ရက်နေ့၌ အိမ်ထောင်စု(၈၀၃)စုမှ လူဦးရေ(၂၄၇၆)ဦးအနက် (နီးစပ်ရာဆွေမျိုးအိမ်တွင် ပြောင်းရွှေ့နေထိုင်သည့် အိမ်ထောင်စု(၄၁)စုမှ လူဦးရေ(၁၇၆)ဦးမှအပ) ကျန်အိမ်ထောင်စု(၇၆၂)စုမှ လူဦးရေ(၂၃၀၀)ဦး၊ စုစုပေါင်းဘေးသင့်အိမ်ထောင်စု(၉၆၉)စုမှ လူဦးရေ(၂၈၇၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၆,၀၃၇,၅၀၀/-)ကျပ်အား ဖောင်းလင်းကျေးရွာအုပ်​စု၊ ရွှေစောလူးဘုရားကုန်း၊ မြောက်ရှားတောဓမ္မာရုံနှင့် ရွှေဘုံသာတန်ဆောင်းတို့တွင် (၅-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: DDM

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR