ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သတ္တပလူကျေးရွာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၄-၇-၂၀၂၆ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ခင်သန္တာထွန်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယားပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူးဒေါ်စိန်စိန်မော်က  လူမှုဝန်ထမ်းလုပ်ငန်းစဉ်များအကြောင်း၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကြောင်းအား ရပ်ရွာပြည်သူများ သိရှိနိုင်စေရန် ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် သတ္တပလူကျေးရွာမှ ရွာသူ၊ ရွာသား ကျား (၄၀)ဦး ၊ မ (၉၀) ဦး ၊ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။



 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

MOS

DSW

DDM

DOR