၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၃) ရက်နေ့၊ (၉:၃၀) နာရီအချိန်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအထိ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင် နှင့် ညွှန်ကြားရေးမှူးများ၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနရှိဌာနခွဲများမှ တာဝန်ရှိသူများ ပြန်လည် ထူထောင်ရေးဦးစီးဌာန လက်အောက်ရှိ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ဝက်ထီးကန်၊ ကျိုင်းတုံ၊ တာချီလိတ်၊ ဖယ်ခုံ၊ မြဝတီ၊ ဘားအံ၊ မူဆယ် စခန်း၊ ဂေဟာများမှ တာဝန်ခံ များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူ စခန်း၊ ဂေဟာတာဝန်ခံများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ မေလအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက် သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR