ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနတွင်း၊ ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ပြင်ပကလေးဖွံ့ဖြိုးမှုလုပ်ငန်း စိတ်ပါဝင်စားသူများ အတွက် ဖွင့်လှစ်ခဲ့သည့် အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်းနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း၊ နေပြည်တော်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းတို့မှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်း နည်းပြများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ပါသည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက အမှာစကားပြောကြားရာတွင် ကလေးသူငယ်များသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည့် လူသားအရင်းအမြစ်များ ဖြစ်သဖြင့် ပြည်သူလူထုက ကလေးပြုစုစောင့်ရှောက်ရေး နည်းလမ်းများကို လက်လှမ်းမီသိရှိနိုင်ရန် သက်ဆိုင်ရာဌာနများ အားလုံးက ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် လူသားဘဝအစဖြစ်သည့် ရက် ၁၀၀၀ ကာလနှင့် ရှေးဦးကလေးဘဝအရွယ်ဖြစ်သည့် အသက် ၃ နှစ်မှ ၈ နှစ်မပြည့်မီကာလသည် ကျန်းမာရေးနှင့် အာဟာရ၊ မှန်ကန်သော ပြုစုစောင့်ရှောက်မှုနှင့် ကောင်းမွန်သော ပတ်ဝန်းကျင်တို့ ရရှိစေရေးမှာ အင်မတန်အရေးကြီးသဖြင့် ကလေးများအပေါ် စောင့်ရှောက်မှုပေးခြင်းသည် ၎င်းတို့၏ ဘဝရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံခြင်းပင် ဖြစ်ကြောင်း၊ သင်တန်းဆင်း မူကြိုဆရာ၊ ဆရာမများအနေဖြင့် ကလေးများ၏ ဖွံ့ဖြိုးမှုနှင့် သင့်လျော်သည့် မူလတန်းကြိုကျောင်းများဖြစ်စေရန် နွေးထွေးမှု၊ လုံခြုံမှုရှိပြီး ကလေးများနှင့် ရင်းနှီးကျွမ်းဝင်သော ပတ်ဝန်းကျင်ဖြစ်စေရန်၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ စာရိတ္တနှင့် ပေါင်းသင်းဆက်ဆံရေး တိုးတက်မှုများကို ပံ့ပိုးပေးနိုင်ရန် အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် သင်ယူစရာ နေရာကောင်းများ ဖန်တီးပေးနိုင်ပြီး စံပြုထိုက်သော မူကြိုဆရာ၊ ဆရာမများဖြစ်စေရေး ကြိုးပမ်းကြရန်နှင့် ယခုသင်တန်းမှ ပို့ချပေးလိုက်သည့် ဘာသာရပ်များကို ဆက်လက်လေ့လာပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်သူ၊ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်သူများ ဖြစ်စေရေး ဆက်လက်အားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ 

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။ 

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများက တေးသီချင်းများဖြင့် သရုပ်ဖော်တင်ဆက် ကပြဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနားအပြီးတွင် နေပြည်တော် ကောင်စီဝင်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သင်တန်းကာလအတွင်း သင်ယူတတ်မြောက်ခဲ့သည့် "အသက် (၃) နှစ်မှ (၅) နှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံဘာသာရပ်များ" အား လက်တွေ့အသုံးချ လက်မှုပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းမှတ်တမ်ပေးပို့အပ်ပါသည်။






နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မန္တလေးမြို့လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေးဦးစီးဌာနလုပ်ငန်းဆောင်ရွက်မှုများအားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်မူလတန်းကြိုကျောင်းများနှင့်ပြင်ဦးလွင်မြို့ပရဟိတမျက်မမြင်ကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး

MOS

DSW

DDM

DOR