လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဉီးစီးဌာနသည် Gender, CEDAW, UNSCR 1325 အသိပညာပေးသင်တန်းဖွင့်ပွဲကို (၁၇--၂၀၂၁) နံနက်(:၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်းဉီးစီး ဌာနရဲ့ လုပ်ငန်းကြီး()ရပ်ဖြစ်တဲ့ ကလေးသူငယ်၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး ဆိုတဲ့ လူမှုရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပြီး၊ ယခုသင်တန်းဟာ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ လုပ်ငန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား၊မ တန်းတူ ညီမျှရေးနှင့်အမျိုးသမီးအခွင့်အရေးများတန်းတူရရှိနိုင်ရေးအတွက် စတုတ္တအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးညီလာခံမှချမှတ်ခဲ့သော ဘေဂျင်းကြေညာစာတမ်း နှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း(CEDAW)ပါ ပြဌာန်းချက်များ နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ အာဆီယံဒေသတွင်း ဆောင်ရွက်ချက်များ၊ အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှုများအပေါ် တုံ့ပြန်ဆောင်ရွက်ပေးမှုအခြေအနေများ၊ကြိုတင်ကာကွယ်ရေး နှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများတွင် လူမှုဝန်ထမ်းဦးစီးဌာန၏ဆောင်ရွက်ချက် များနှင့် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသွားပါသည်။

          ယနေ့ ဖွင့်လှစ်သည့် သင်တန်းမှာ အမျိုးသမီးအခွင့်အရေးနှင့်ပတ်သက်သော နိုင်ငံတကာ သဘောတူစာချုပ်များ၊ပြဌာန်းချက်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ များကို သိရှိစေရန်၊ ကျား၊မရေးရာအခြေခံသဘောတရားများကို သိရှိနားလည်ပြီး သင်တန်းသား/ သင်တန်းသူများအနေဖြင့် မိမိတို့ဌာန၏သက်ဆိုင်ရာကဏ္ဍများတွင် ကျား၊မတန်းတူညီမျှရေးကို ထည့်သွင်း စဉ်းစားဆောင်ရွက်နိုင်စေရန်၊ ဌာနဆိုင်ရာအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု ပိုမိုအားကောင်းစေရန်နှင့် မိမိတို့၏လက်တွေ့နယ်ပယ်တွင် စနစ်တကျ ဆက်စပ်ဆောင်ရွက်သွား ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ သင်တန်းတွင် ဦးစီးဌာန(၃၆)ခုမှ အရာထမ်း(၃၇)ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၂၁)နှင့်(၁၈.၆.၂၀၂၁)ရက်နေ့အထိ (၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးအစည်းအဝေးခန်းမတွင် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအသိပညာပေးသင်တန်းဖွင့်လှစ်
ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန (ရန်ကုန်) ၌ ပြင်ပပုဂ္ဂိုလ်များအတွက် အသက် (၆) လ မှ (၃) နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ် (၁၈) ဖွင့်လှစ်ခြင်း
မုံရွာမူလတန်းကြိုကျောင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးက ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခေါ်ယူထားသော ဒုတိယဦးစီးမှူး(ဝင်ပေါက်) ရာထူး (၅၀)နေရာ ရေးဖြေအောင်မြင်သူများစာရင်း ထုတ်ပြန်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့

MOS

DSW

DDM

DOR