လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၆-၂၀၂၆) ရက်နေ့တွင် မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးကြောင့် သေဆုံးလူဦးရေ (၂)ဦးအတွက် ထောက်ပံ့ငွေ (၆၀၀,၀၀ဝိ/-)၊ ဒဏ်ရာရလူဦးရေ (၁) ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၆၅၀,၀၀ဝိ/-) အား (၂၄-၆-၂၀၂၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM







