(၂၂) ကြိမ်မြောက် အာဆီယံ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာကော်မရှင် အစည်းအဝေး (22nd ACWC Meeting) အား (၂၂.၃.၂၀၂၁) ရက်နေ့၊ မြန်မာစံတော်ချိန် (၁:၀၀ မှ ၄:၃၀) ထိ virtually ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် အာဆီယံ အမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ ဒေါက်တာသက်သက်ဇင်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် အာဆီယံအမျိုးသမီးအခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်မှ အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ပပျောက်ရေးလုပ်ငန်း စီမံချက်ဆိုင်ရာ နှစ်လယ် ပြန်လည်သုံးသပ်သည့် အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၀ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် ကျင်းပခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲအား သက်ဆိုင်ရာအစိုးရဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးများအရေး ဆောင်ရွက်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲမှရရှိလာသော ရလဒ်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ပါသည်။ 

     အာဆီယံကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကိုယ်စားလှယ်မှ  အာဆီယံ အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးဆိုင်ရာ ရန်ပုံငွေအား မြန်မာနိုင်ငံမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ (၁၉၀၀၀) နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ(၁၁၀၀၀)ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၄၀၀၀၀) ထည့်ဝင်ထားပါကြောင်း၊ ACWC Work Plan (2021-2025) နှင့် ပတ်သက်၍ မြန်မာနိုင်ငံမှ  စီမံချက်(၂)ခုဖြစ်သော “Pilot Project on the implementation of Regional Action Plan for the Protection of Children from All Forms of Online Exploitation and Abuse (RPA COEA) by organising workshop for Myanmar Frontline officers and key stakeholders” နှင့် “Workshop to strengthen cooperation and exchange views of the protection of children in context of migration among AMS” တို့အား တင်သွင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးခဲ့ကြ ပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန် ရှိသူများသည် အထက‌(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ အထက(၃) ယာယီရေ ဘေးကယ်ဆယ် ရေးစခန်းနှင့် ရွှေယဉ်မျှော် ယာယီရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေး ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
အ.ထ.က(၁)မြကြေးမှုံ ယာယီရေဘေးကယ်ဆယ်ရေးစခန်း၊ ရွှေယာဉ်မျှော ယာယီရေဘေး ကယ်ဆယ်ရေးစခန်း၊ အ.ထ.က(၃)ယာယီရေဘေးကယ်ဆယ်ရေးစခန်း နှင့် လေသာကျောင်း ယာယီ ရေဘေးကယ်ဆယ်ရေးစခန်းတို့၌ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး

MOS

DSW

DDM

DOR